စာရေးသူ

အားလုံးမြင်နိုင်ရန်
Joe Stowell

ဂ်ိဳး စတိုး၀ဲ

ဂျိုး စတိုးဝဲ သည် မီချီဂန်ရှိ ကော်နာစတုံး တက္ကသိုလ်၏ ဥက္ကဌ ဖြစ်ပြီး Jesus Nation အပါအ၀င် စာအုပ် ပေါင်းများစွာကို ရေးသားခဲ့သည်။ ဆရာနှင့်ဇနီး ဆရာမ မာတီ တို့၌ သားသမီးသုံးဦးနှင့် မြေးများစွာရှိသည်။

စာမူ/ အကြောင်းအရာ များ ဂ်ိဳး စတိုး၀ဲ

ဥယျာဉ်တော်ထဲတွင်

ကျွန်တော့်ဘိုးဘေးများသည် မီချီဂန် ပြည်နယ်တွင် စတင်အခြေချသူများဖြစ်သည်။ မြေကြီးကို ခုတ်ထွင်ရှင်းလင်းပြီး မိသားစုများစားသုံးရန် စားပင်သီးပင်များကို ဥယျာဉ်ခြံ၌
စိုက်ပျိုးထွန်ယက်ခဲ့ကြသည်။ ဤလယ်ယာဥယျာဉ်စိုက်ပျိုးခြင်းကို မျိုးဆက်တိုင်း၌ လက်ဆင့်ကမ်းလုပ်ဆောင်ခဲ့ကြသည်။ ကျွန်တော့်ဖခင်သည် မီချီဂန် လယ်တောတွင် ကြီးပြင်းခဲ့ပြီး ဥယျာဉ်စိုက်ပျိုးခြင်းကို နှစ်သက်မြတ်နိုးသည်။ ထို့ကြောင့်လည်း ခြံလုပ်ငန်းနှင့် မြေသြဇာကောင်းသော မြေဆီလွှာကို ကျွန်တော် ချစ်မြတ်နိုးရခြင်းဖြစ်သည်။ ကျွန်တော့်ခြံလေးကို မွှေးကြိုင်စေသော ပန်းများနှင့် လှပ ကျက်သရေရှိစေသော နှင်းဆီပန်း များကို ပြုစုစောင့်ရှောက် စိုက်ပျိုးရခြင်းက ကျွန်ုပ်နှစ်သက်ပျော်မွေ့ခဲ့သော အတိတ် ကာလများဖြစ်သည်။ ပေါင်းပင်များ မနှောင့်ယှက်လျှင် အလွန်တရာ သာယာလှပပေမည်။
ပေါင်းပင်ပြဿနာနှင့် လုံးပမ်းရချိန်တွင် ဧဒင်ဥယျာဉ်ကို သတိရမိသည်။ အာဒံနှင့်ဧ၀ ဘုရားသခင် စကားနားထောင်နေသရွေ့ ဧဒင်ဥယျာဉ်သည် သာယာ လှပသော ပြီးပြည့်စုံသော ဥယျာဉ်ဖြစ်ပြီး၊ သူတို့ နာခံမှု မရှိတော့သည့် အချိန်မှစ၍ ဆူးပင်နှင့် အခက်အခဲပြဿနာတို့သည် ၎င်းတို့အတွက်…

စစ်ဆေးမှုပြုခြင်း

နှစ်စဉ်ဆေးစစ်ရန်အတွက် ဆရာဝန်ထံသွားရန် အချိန်ကျပြီ။ ကျွန်တော် နေကောင်း
ကျန်းမာနေသော်လည်း ထိုစစ်ဆေးမှုများက အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော်
ပုံမှန်စစ်ဆေးခြင်းက ဖုံးကွယ်နေသော ရောဂါများနှင့် ရောဂါအခြေအနေ ပိုဆိုးစေသည့်
ပြဿနာများကို ရှာဖွေပေးသောကြောင့် ဖြစ်သည်။
ဆရာဝန်အား ရောဂါရှာဖွေခွင့်ပြုခြင်းနှင့် မမြင်ရသောရောဂါ
အတွက် ကုထုံးရှာဖွေစေခြင်းသည် ရေရှည်၌ ကျန်းမာရေး
အတွက် ဖြစ်သည်။
ဆာလံဆရာသည်လည်း ၀ိညာဉ်ရေးရာ၌ ထိုကဲ့သို့
ခံစားရကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ၀ှက်ထား
သောအပြစ်များကို ဖော်ပြရန် ဘုရားသခင်ထံ အသနားခံ
လျက် ‘‘ကျွန်ုပ်ကို စစ်ကြော၍ ... ဆိုးသောလမ်းသို့ အကျွန်ုပ်
လိုက်သည် မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်းထဲသို့
သွေးဆောင်တော်မူပါ’’ (ဆာ ၁၃၉း၂၃-၂၄) ဟု ဆုတောင်း
ခဲ့သည်။ မတည်ငြိမ်သော သူ့အခြေအနေအား စစ်ဆေးရန်
ဘုရားသခင်အား အခွင့်အရေးအပြည့်ပေး၍ သူ၏၀ိညာဉ်ရေးရာကို ကြံ့ခိုင်စေသော…